Saturday, February 16, 2013

ဝင်းဒိုးအားလုံးအတွက် အရေးပေါ်သုံး Program






ဘယ်လိုအခါမျိုးတွေမှ ဒီဆော့ဝဲလေးကို သုံးရမှာလဲဆိုတော့ ကျွန်တော်တို့တွေဟာ
ကွန်ပြူတာသုံးနေရင်းနဲ့ အရေးတကြီးသွားစရာရှိလာတဲ့အခါမျိုးမှာ လောလောဆည်
ဖွင့်သုံးထားတဲ့ Program တွေကို တစ်ခုချင်းလိုက်ပိတ်နေရပြီး တစ်ချို့ Program ဆိုရင်
Run နေဆဲမှာပိတ်မိတဲ့အခါ Error Message တွေတက်ပြီး ကွန်ပြူတာကို Shutdown
ချဖို့ပါ ခက်သွားတဲ့အချိန်မျိုးတွေ ကြုံရတတ်ပါတယ် ..

နောက်ပြီး Flash Drive လေးတစ်ခု စက်မှာတပ်ပြီး ကူးစရာရှိတာကူး .. ထည့်စရာရှိတာထည့်ပေါ့
Flash Drive ကို ဖြုတ်မယ်လည်းလုပ်ရော .. In Use ဖြစ်နေလို့ ဖြုတ်လို့မရပါဘူးဆိုတဲ့
Message ကတက်လာပါလေရော .. အဲဒီတော့ ကိုယ်တွေကလည်း စိတ်က လက်တစ်ဆစ်ဆိုတော့
ဆွဲဖြုတ်ပစ်လိုက်ရော .. ဟော .. အဲဒီလို လုပ်ပါများလာတော့ Flash Drive ကြီးတစ်ခုလုံး
Die ဖြစ်သွားပါလေရော .. Flash Drive တွေ Write Protected ဖြစ်တာ .. Bad Sector ဖြစ်တာ
အဲဒီလိုပြဿနာ တော်တော်များများဟာ ဒီလိုဖြစ်ရပ်တွေကြောင့်ပဲ အများဆုံး ဖြစ်တတ်တာပါ
အဲဒါတွေက ပြောပလောက်တဲ့ ပြဿနာတွေတော့ မဟုတ်သေးပါဘူး ..
ပြဿနာအစစ်က .. ဒီလိုပါ ..
တစ်ခါတစ်ခါမှာ ကျွန်တော်တို့ဟာ ဆော့ဝဲတစ်ခုကို အွန်လိုင်းကနေရလာလို့ပဲဖြစ်ဖြစ်
တစ်နေရာရာကနေ ရလာလို့ပဲဖြစ်ဖြစ် .. စမ်းသုံးကြည့်ချင်တာနဲ့ Install / Run လိုက်မိပါရော
အဲဒီမှာ ကံမကောင်းလို့ပဲဖြစ်ဖြစ် တမင်ကြံစည်ထားတာကြောင့်ပဲဖြစ်ဖြစ် အဲဒီဆော့ဝဲနဲ့အတူ
ကပ်ပါလာတဲ့ ဗိုင်းရပ်လို ပရိုဂရမ်တွေက အလုပ်လုပ်ကုန်ပါလေရော ..
စက်ကြီးက ရုတ်တရက်ကြီး Hang သွားတယ် .. CPU ကလည်း ရာခိုင်နှုန်းအများကြီး
အခိုင်းခံနေရတယ် ...
ဗိုင်းရပ်ပဲလို့ သံသယရှိသွားတော့ Run နေတဲ့ ပရိုဂရမ်တွေကို ပိတ်ဖို့ကြိုးစားတယ် ..
ဒါပေမယ့် .. အချည်းနှီးပါပဲ ..
ဘာကြောင့်လဲဆိုတော့ Run စေချင်လို့ရေးထားတဲ့ Program ကုဒ်ဆိုမှတော့ ..
Run တာကို ရပ်စေမယ့် Function တွေတော်တော်များများကို လှည့်စားပြီး ရေးထားမှာပေါ့
အဲဒီတော့ .. ကျွန်တော်တို့ဘာလုပ်သလဲ .. ဟုတ်ကဲ့ .. UPS ကို ပိတ်ချပစ်လိုက်တယ်..
ဒါမှမဟုတ်ရင် ပါဝါကို တနည်းနည်းနဲ့ ပိတ်ပစ်လိုက်တယ် .. အေးရော
နောက်ဆက်တွဲပြဿနာက စနစ်တကျ Shutdown ချတာမဟုတ်တဲ့အတွက် ၀င်းဒိုးမှာ
Error ၀င်သွားပြီး နောက်တစ်ကြိမ် Boot တက်တဲ့အခါမှာ တိုင်တွေပတ်ကုန်ပါတယ် ..
အဲဒီတော့ ဘယ်လို ပရိုဂရမ်မျိုးတွေ Run နေတာပဲဖြစ်ဖြစ် .. လုံးဝ Stop ဖြစ်သွားအောင်
Command ပေးနိုင်မယ့် ဆော့ဝဲလေးတစ်ခုလောက်များ .. Desktop ပေါ်မျာ တင်ထားလိုက်ရင်
အလားတူပြဿနာမျိုးတွေ ကြုံလာလို့ Running ဖြစ်နေတဲ့ ပရိုဂရမ်တွေကို အရေးတကြီး
ပိတ်ပစ်ရတော့မယ်ဆိုရင် အဲဒီဆော့ဝဲလေးကို Double Click နှိပ်ပေးလိုက်တာနဲ့
Close All ဖြစ်သွားမှာပေါ့ ..
အဲဒီတော့မှ ၀င်းဒိုးကို စနစ်တကျ Shutdown ချပေးလိုက်တော့ ကိုယ့်ရဲ့ ၀င်းဒိုးလေး ကျန်းမာရေး
မဖောက်တော့ဘူးပေါ့ဗျာ ...
ကဲ .. အဲဒီလိုကြုံလာတဲ့အခါမှာ သုံးနိုင်ဖို့ ကျွန်တော်မျှဝေပေးမယ် ဆော့ဝဲလေးက Close All ပါတဲ့
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ

Download Close All

ဒေါင်းလို့ပြီးသွားရင် အထဲမှာ 32bit နဲ့ 64bit ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ် ..
ကိုယ်နဲ့သက်ဆိုင်တဲ့ ဆော့ဝဲကို Desktop ပေါ်မှာ ဆွဲတင်ထားလိုက်ရုံပါပဲ ...
Install လုပ်စရာမလိုပါဘူး .. Desktop ပေါ်ရောက်တဲ့အခါမှာ ကြက်ခြေခပ်ပုံ ပရိုဂရမ်လေးအဖြစ်
ပြောင်းသွားပါလိမ့်မယ် ..
ဒီဆော့ဝဲလေးရဲ့လုပ်ဆောင်ချက်ကတော့ လောလောဆည် Run နေသမျှ ပရိုဂရမ်မှန်သမျှကို
Windows system ကလွဲပြီး ရပ်သွားအောင် Command ပေးနိုင်ပါတယ် ...
ကဲ .. စက်ထဲမှာ မလိုလားအပ်တဲ့ ပရိုဂရမ်တွေ Run နေတာ ပိတ်လို့မရ ဖြစ်နေတယ်ဆိုင်ရင်
Desktop ပေါ်မှာ တင်ထားတဲ့ Close All ပရိုဂရမ်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ
သူကပဲ .. Running Program အားလုံးကို အမိန့်ပေးလိုက်ပါလိမ့်မယ် ..

“Close All ” လို့

.

Solidfiles
Zippyshare

Windows XP နဲ့ Windows 7 တင်နည်းစာအုပ်


Windows XP တင်တာက သိပ်မလိုတော့ပေမယ့် Windows 7 တင်တဲ့အခါ Windows အဟောင်းကို မဖျက်မိလို့ တစ်မျိုး၊ Windows 7 တင်ရင် Partition ကို Format ဘယ်နားမှာ ချရမှာလဲ တစ်ဖုံ. ဖြစ်နေတဲ့ Windows Installation ကိစ္စ ဒီစာအုပ်ကို သေချာဖတ်ပြီး လုပ်လိုက်ရင် အဆင်ပြေပါတယ်.. မိုးထက်မြင့် ရေးတဲ့ စာအုပ်ပါ..

လိုချင်သူများ ဒေါင်းနိုင်ကြပါပြီ..


Download Links:

ကမ္ဘာ့ထိပ်တန်း Recovery Software

ကမ္ဘာ့ထိပ်တန်း Recovery Software

Friday, February 15, 2013 | 0 comments


Stellar Phoenix Windows Data Recovery ဆော့ဝဲဟာ လက်ရှိအချိန်ထိ ကမ္ဘာ့ထိပ်တန်း Recovery Software နေရာကနေ ဖယ်မပေးရသေးပါဘူး.. Rating က 9.70 ရရှိထားပါတယ်.. သူ့နောက်က ဒုတိယ လိုက်နေတာကတော့ R-Studio, Data Rescue Pc, Recover My Files, GetDataBack တို့က အစဉ်လိုက်ပေါ့.. ဒီကောင်က ထိပ်တန်းနေရာနဲ့အညီ Data တွေကို အကောင်းဆုံးနဲ့ အမြန်ဆုံးပြန်လည် ကယ်တင်ပေးနိုင်ပါတယ်.. ဗိုင်းရပ်စ်ကြောင့်ပဲဖြစ်ဖြစ်.. User Fault ကြောင့်ပဲဖြစ်ဖြစ် ပျောက်ပျက်သွားတဲ့ Data တွေကို ပြန်လည်ရှာဖွေပေးနိုင်မှာပါ.. နောက်ဆုံးထွက်တာ က Version 5.0.0 ဖြစ်ပါတယ်.. Full Version ကို အမေရိကန်ဒေါ်လာ 49.95 ဒေါ်လာ ပေးရပါတယ်.. မောင်ပေါက်ဆီမှာတော့ ဒေါ်လာနဲ့မရောင်းပါဘူး.. အလကား ပေးပါတယ်..
ဗျာ.! ဈေးကြီးတယ်ဟုတ်လား ?... ဒါဆိုလည်း Free ဒေါ်လာလောက်တော့ ပေးဗျာ.. :D

Stellar Phoenix Windows Data Recovery Features:New for version 5:
Optical media recovery
Media recovery
Recovers large drives (up to 2TB)
On the fly media detection
Improved scan engine for FAT, NTFS and exFAT partitions
Enhanced file tree view speed
Improved preview, RAW recovery, deleted file recovery and advanced scan
Recovers lost or deleted or inaccessible data from Windows Operating System based hard disk drive and other storage media
An award winning Windows data recovery software from Stellar Phoenix that recovers lost/deleted data from Windows – based computers. Helps recover data in case of data loss due to hard drive corruption or formatting, virus attack.
Recovers lost/deleted data and also data lost due to formatting or corruption of partitions of data storage devices such as, internal/external hard disks, USB drives etc.Supports recovery of more than 185 different file types
Compatible with Windows 7, Vista, Server 2003, XP, 2000, and NT4 (SP6)

အဆင်ပြေပါစေ...

Download Links: (3.24 MB)

Thursday, February 7, 2013

ဓါတ်ပုံထည့်ပြီး စာရေးရအောင်




ဒီလိုပုံစံဖြစ်အောင် လုပ်ကြည့်ရအောင်နော်

အရင်ဆုံး ((  ဒီလင့် )) လေးကိုဖွင့်ကြည့်လိုက်နော်

(၁) လင့်လေးကို အရင်ဖွင့်ပါ

(၂) ကိုယ်ကြိုက်တဲ့သူရဲ့ပုံလေးကို အရင်ထည့်ပါ

(၃) ပြီးရင် URL မှာ http://www.effectfun.com/  လေးကို ထည့်လိုက်ပါ



၎) Browse ဘေးက Upload လေးကိုနှိပ်လိုက်ရင် အောက်မှာထည့်ရမဲ့ပုံရဲ့
အရွယ်အစားကိုချိန်ရပါ့မယ် ချိန်ပြီးပြီဆိုရင် ပုံရဲ့အောက်ဆုံးမှာ
Crop Image ဆိုတာလေးကိုနှိပ်လိုက်ပါ။


(၅) နောက်ဆုံးအဆင့်မှာတော့ ပုံလေးကိုသိမ်းမယ်ဆိုရင်





သူငယ်ချင်းတို့စမ်းသပ်ကြည့်နော်
မူရင်းလင့် http://www.effectfun.com/


စာရေးမယ်ဆိုရင် Save ထားတဲ့ပုံလေးရလာပြီဆိုရင်
ALL Programs ထဲက Paint ကိုဖွင့်လိုက်ပါ။

ပြီးရင် သိမ်းထားတဲ့ပုံကိုဖွင့်လိုက်ပါ paint ထဲကိုရောက်သွားပြီဆိုရင်တော့
မြန်မာလိုရေးလို့ ရပါပြီနော်