မျက်ဝန်းနက်ရဲ့  ကောက်ကြောင်း
ပုံရိပ်ယောင်လေလား........
ခဏတာ ကိုယ်ထင်ပြသူလေးရေ...
ငါ့ ဘက်က ခံစားလိုက်ရတာက
တစ်သက်တာ စွဲလန်းမှုတွေပါ...........
ပိုးစုန်းကြူးလေလား............
မှိတ်တုတ် မှိတ်တုတ် နဲ့ လင်းသူရေ......
ငါ့ ရင်ဘတ်ထဲက ဝေဒနာ
နာကျင်မှုတွေက နေ့ ရောညပါ...........
မျက်ဝန်းနက်နဲ့  ကောင်မလေးရေ.....
ပုံရိပ်ယောင်မဟုတ်တဲ့  ပုံရိပ်စစ်နဲ့ 
ပိုးစုန်းကြူးမဟုတ်တဲ့  ငွေလမင်းနဲ့ 
ငါ့ ဘ၀ထဲကို ခိုဝင်လှည့် ပါကွာ............၊၊ ၊၊
စစ်ငြိမ်းလူ
No comments:
Post a Comment